Friday, November 26, 2010

ပတ်တီး


ခုတလောပတ်တီးနဲ့မကင်းနိုင်ဘူးဖြစ်နေတယ်။
ဟိုနေ့ကမီးနီခါနီးမှာကားလမ်းပြေးကူးတာ ချိုင့်နင်းမိပြီးခြေခေါက်သွားတယ်။
ရှီဘူယလိုမြို့လယ်ခေါင်ကလမ်းမကြီးမှာချိုင့်ခွက်ရှိမယ်လို့မထင်ထားမိဘူး။
နည်းနည်းတော့သက်သာသွားပါပြီ။
ခုတလောဘာဖြစ်နေလဲမသိဘူး။
ကျန်းမာရေးတော်တော်ညံ့နေတယ်။
ကံနိမ့်နေလားမသိပါဘူး။
ဘုရား၊တရား ပိုများများလုပ်ဖို့သတိပေးနေတာများလား။

5 comments:

291 said...

ချော်လဲတာကတော့ ညီမလေး မျက်လုံးစစ်သင့်ပါတယ်ကွယ် :P

MelodyMon said...

မီးကနီတော့မယ်ဆိုတော့အမြန်ပြေးရတာနဲ့အောက်တောင်မကြည့်အားပါဘူး။ သံစဉ်ကကောင်းကောင်းမြင်ပါသေးတယ်နော်။ ;P hehe

pyie said...

ခြေခေါက်..
သေမလောက်နာတဲ့ ဒီဒဏ်ရာ
တရားခံ ရှာရှက်ရမ်း
ချိုင့်ခွက် ဆိုလိုက်စမ်း။ ။

ကိုကိုထွေ said...

ဝိသာခါလိုမှမနေတာ။
ပြေးတာကိုး
ဒီတော့ဖြစ်ပြီပေါ့။
နောက်ဆိုမပြေးနဲ့။

MelodyMon said...

ကိုpyie,
ကဗျာလေးကတယ်ကောင်းပါလား။
သဘောကျသွားပြီ။

ကိုကိုထွေ
တိုကျိုမှာဝိသာခါလိုနေရင်
ဘယ်လိုဖြစ်မလဲ-ကိုကိုထွေတိပါဒယ်။ ;P