Saturday, September 4, 2010

စကား

သြော် . . . လူတွေ လူတွေ . . .
ချစ်ဖို့ကောင်းအောင်ပြောလည်း ဒီစကားပဲ။
မုန်းဖို့ကောင်းအောင်ပြောလည်း ဒီစကားပဲ။
ဘာဖြစ်လို့များ နားဝင်ချိုအောင်မပြောကြတာလဲ။

စကားထဲကဇာတိပြတယ် ဆိုတာအမှန်ပဲ။

လူတစ်ယောက်ဟာ အတန်းပညာတွေဘယ်လောက်တတ်တတ်၊ လူပီသတဲ့စိတ်ဓါတ်မျိုးမရှိဘူးဆိုရင် သံစဉ်ကတော့ အဲဒိလူကို လေးစားလို့မရဘူး။

ကိုယ်ကိုယ်တိုင်အပါအ၀င်လူတိုင်းမှာ ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေ ရှိကြပါတယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ. မကောင်းတဲ့အချက်က ဘာမှအရေးမပါတဲ့ အသေးအဖွဲကိစလေးတွေဆိုရင်တော့အရေးမကြီးပါဘူး။
လူသားတစ်ယောက်ကို လူကောင်းလား၊ လူဆိုးလား ဆိုတာကို အဆုံးအဖြတ်ပေးမယ့် အတွေးအခေါ်တွေ၊ စိတ်ဓါတ်တွေ ကပျက်စီးနေမယ်၊ အောက်တန်းကျနေမယ် ဆိုရင်၊ ကိုယ်ချင်းစာစိတ်မရှိဘူး၊ တစ်ကိုယ်ကောင်းဆန်နေမယ် ဆိုရင် ၊ မနာလိုဝန်တိုစိတ်ပြင်းပြပြီး ကိုယ့်ထက်သာနေရင်မကောင်းကြံချင်စိတ်ဖြစ်နေမယ်၊ မကောင်းလည်းကြံမယ် ဆိုရင် အတန်းပညာတွေဘယ်လောက်တတ်တတ် အဲဒိလိုလူမျိုးဟာ လူပီသတဲ့လူတစ်ယောက် လို့ ပြောနိုင်ပါ့မလား။
အဲဒိလိုလူမျိုးတွေနဲ့ဒီဘ၀မှာရော၊ နောက်ဘ၀တွေမှာရော မကြုံချင်ဘူး။
ပညာတတ် ဆိုတာ ဘာနဲ့တိုင်းတာပြီးပြောတာလဲ။ အတန်းပညာလား။
စာတတ်ပြီးစိတ်ပုပ်၊ စိတ်ယုတ်ရှိတဲ့ လူဆယ်ယောက်နဲ့ တွေ့ကြုံ ဆက်ဆံ ရမယ့်အစား ၊ သံစဉ်ကတော့ အတန်းပညာမတတ်ပေမယ့် စိတ်ထားဖြူစင်မြင့်မြတ်တဲ့ လူတစ်ယောက်နဲ့သာ တွေ့ကြုံဆက်ဆံချင်တယ်။

ချမ်းမြေ. ဆရာတော်ကြီးရဲ.ဆုတောင်လေးကိုသွားသတိရမိတယ်။

သူတော်ကောင်း၊သူမြတ်လောင်းတို့နှင့်သာ တွေ့ကြုံ ဆုံဆည်း ပေါင်းသင်း ဆက်ဆံရပါစေ ဆိုတာလေးပေါ့။

ဒါပေမယ့် - - - လောကမှာလူကောင်းချည်းပဲရှိတာမဟုတ်တော့လည်းဘယ်တတ်နိုင်မလဲ။
ရေစက်ဆုံလာမှတော့ သည်းခံဆက်ဆံရတော့မှာပေါ့။
ပုထုဇဉ်ဆိုတော့လည်း သည်းခံနိုင်တဲ့အတိုင်းအတာက ရှိနေတော့ခက်သား။
သူကြောင့်ကိုယ်ဒေါသဖြစ်ရင်ကိုယ်ပဲထိခိုက်တယ်၊ ကိုယ့်ဘက်ကအရှုံးချည်းပဲဆိုတာ သိနေပေမယ့် ၊ ဒေါသကထွက်တာပဲ။
သတိလေးထားပြီးလျှော့ဦးမှပါပဲ။

ကဲ ကဲ - အိပ်ဦးမှ။

2 comments:

pyie said...

http://www.latharnya.com/လို ဘလော့ဂ်မျိုးတွေဖတ်သင့်နေပြီလို့ထင်တယ်လေ...
စိတ်ကိုအနားပေးပြီးပေါ့ပေါ့ပါးပါး နေဖို့အချိန်တွေပေးသင့်တယ်ထင်တယ်...

MelodyMon said...

ကိုpyie, blog လေးကဖတ်လို့ကောင်းတယ်။ ကျေးဇူးတင်ပါတယ်။
ပေါ့ပေါ့ပါးပါးနေဖို့အချိန်. . .
အင်း . . .
ပေါ့ပေါ့ပါးပါးနေဖို့တော့ ကြိုးစားနေတာပဲ။
တကယ်တမ်းပေါ့ပေါ့ပါးပါးဖြစ်နေရဲ.လား ဆိုတာတော့မပြောတတ်ဘူး။
မဖြစ်နေပုံပါပဲ။