Tuesday, July 6, 2010

အမှတ်တရနေ့တစ်နေ့



မွန်းကြပ်မှုတွေကိုဖြေလျှော့ဖို့ ယော်ယောဂိပန်းခြံကိုသွားခဲ့တယ်။
မိုးနံ့သင်းတဲ့လေအေးအေးလေးကြောင့်ပင်ပန်းမှုတွေလျော့သွားသလို ခံစားခဲ့ရတယ်။
ဒါ့ကြောင့်မိုးတွေမဲနေပေမယ့်ချက်ချင်းမပြန်ပဲ ပန်းခြံထဲမှာ(သီချင်းနားထောင်ရင်း)လမ်းလျှောက်ရင်းနဲ့ ပန်းလေးတွေ၊ သစ်ပင်စိမ်းစိမ်းတွေကိုကြည့်ခဲ့တယ်။
ခဏနေတော့မိုးဖွဲဖွဲလေးစရွာလာတယ်။
ဒါပေမယ့်မပြန်ချင်သေးတာနဲ့ခဏထိုင်ပြီးပန်းလေးတွေကိုကြည့်နေခဲ့တယ်။
သီချင်းနားထောင်ရင်းပေါ့။



မိုးနည်းနည်းသည်းလာတော့ထီးဖွင့်ပြီးဆက်ထိုင်နေခဲ့တယ်။
ခဏလည်းနေရောမိုးကသည်းကြီးမည်းကြီးရွာချပါလေရော။
တစ်ကိုယ်လုံးရွှဲရွှဲစိုကုန်တာပေါ့။
ဘူတာအထိမနည်းကြိုးစားပြီးသွားခဲ့ရတယ်။
ဒါပေမယ့်မိုးရေထဲမှာလမ်းလျှောက်ရတာပျော်ဖို့ကောင်းတယ်။
စာရွက်တွေသာမပါရင်ထီးမဆောင်းပဲလျှောက်ပစ်လိုက်မိမှာ။
မိုးရွာထဲမှာကြိုးစားပြီးဓါတ်ပုံရိုက်လာသေးတယ်။
iPhoneနဲ့ဆိုတော့သိပ်မလှဘူး။
ဖြစ်နိုင်ရင်ကင်မရာကိုအမြဲတမ်းသယ်သွားချင်တာ။
ဒါပေမယ့်ပုခုံးကမကောင်းတော့ ကင်မရာအလေးကြီးကိုမသယ်နိုင်ဘူး။
နောက်ဆို ကင်မရာအသေးလေးကိုတော့အမြဲသတိထားပြီး သွားလေရာယူသွားရမယ်။
ဒီနေ့လည်းညနေဘွန်းအကသွားကရင်ကင်မရာယူသွားပြီးရိုက်လာဦးမှ။
ကဲ - အကမသွားခင် အလုပ်လုပ်လိုက်ဦးမယ်။

No comments: