Monday, February 8, 2010

A Happy Moment!



ဦးမေတ္တာ၊ ဦးမော့စ်၊ ဦးမိုးဒီ၊ ကိုခင်လှိုင်၊ မလင်းဇာနည်ဇော်၊ မမိုးပြည့်ပြည့်မောင်
တို့တိုကျိုကို အငြိမ့်ကဖို့လာကြတုန်းကပေါ့။ သံစဉ်က အဲဒိနေ့ကအိမ်နားက
ယန်း၁၀၀ ဆိုင်ကိုသွားဖို့အကြောင်းဖန်လာလို့ အစီအစဉ်မရှိဘဲသွားလိုက်တာ။
အဲဒိမှာ ဆိုင်ထဲကနေ ရုတ်တရက် ဦးမော့စ်ကထွက်လာတော့ အရမ်းအံ့သြ
သွားတာ။ နောက်ကနေဦးမိုးဒီနဲ့ ကိုခင်လှိုင်တို့လည်းပါတယ်လေ။ အရမ်းဝမ်းသာ
သွားပြီး တခါမှလည်းမတွေ့ဖူးဘဲနဲ့တရင်းတနှီး နှုတ်ဆက်လိုက်မိတယ်။
တိုက်ဆိုင်မှုများနော်။ မြန်မာနိုင်ငံမှာနေတုန်းက တခါမှမတွေ့ဖူးခဲ့ဘူး။ တိုကျိုမှာ
လာတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှလည်း ထင်မထားခဲ့ဘူး။ ရေစက်လို့ပဲဆိုရ
မယ်ထင်တယ်။ အဲဒိနေ့က ၀မ်းသာအားရနဲ့ ဓါတ်ပုံတွေဘာတွေရိုက်ခဲ့တယ်။
နောက်၂ရက်လောက်နေတော့အားလုံးတည်းတဲ့နေရာကိုသွားတွေ့ပြီးစကား
ပြောခွင့်ရခဲ့တယ်။ တစ်ယောက်ချင်းစီက တိုကျိုမှာကြုံခဲ့ရတဲ့အမှတ်ရစရာ
အကြောင်းအရာလေးတွေကိုပြောပြကြတယ်။ ဘယ်လိုအကြောင်းအရာတွေလဲ
ဆိုတာသိချင်လား။ ဟဲဟဲ။
သိချင်ရင် NHK Radio Japanရဲ.ဗုဒ္ဓဟူးနေ့(သံစဉ်ညီမိုးကုတ်စက်ဝိုင်း) မှာ
စောင့်နားထောင်နော်။ မတ်လထဲမှာထုတ်လွှင့်ဖို့အစီအစဉ်ရှိတယ်။ ဟိဟိ။
အားလုံးက အရမ်းဖော်ရွေပြီးအရမ်းပျော်တတ်ကြတာ။ ၁ နာရီလောက်စကား
ပြောခဲ့တဲ့အချိန်အတွင်းမှာ ရယ်လိုက်ရတာ ပါးတွေကိုညောင်းလို့။ တအားကို
ပျော်ခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက် မိသားစုတွေလိုပဲ နောက်လိုက်
ပြောင်လိုက်နဲ့။ တကယ့်ကို မမေ့နိုင်စရာ နေ့လေးတစ်နေ့ပါပဲ။
တွေ့ခွင့်စကားပြောခွင့်ပေးခဲ့တဲ့အတွက် ဦးမေတ္တာ၊ ဦးမော့စ်၊ ဦးမိုးဒီ၊ ကိုခင်လှိုင်၊
မလင်းဇာနည်ဇော်၊ မမိုးပြည့်ပြည့်မောင် နဲ့ ကူညီပေးတဲ့အကိုအမတွေအားလုံး
ကိုကျေးဇူးတင်ပါတယ်။

No comments: