Thursday, December 23, 2010

သန်းခေါင်ယံအတွေးတစ်စ

ဒီနေ့အိမ်ကိုပြန်လာတော့ တိုက်အ၀င်ဝမှာ သစ်ရွက်ခြောက်တွေအများကြီး
ပွကြဲနေတာကိုတွေ့လိုက်ရတယ်။
အရင်ဆိုပြန်လာရင် အိမ်ရှင်အဒေါ်ကြီးက သန့်ရှင်းရေးလုပ်ထားပေးပြီးသား။
ပြန်လာတာစောရင်တခါတလေသူသန့်ရှင်းရေးလုပ်နေတာနဲ့ကြုံတတ်တယ်။
တွေ့ရင်အမြဲလိုလိုနှုတ်ဆက်တတ်တယ်။ သဘောလည်းကောင်းတယ်။
အသက် ၆၉ နှစ်ပေမယ့် ကျန်းကျန်းမာမာပဲ။
၁၅ရက်နေ့ကတောင်သူနဲ့တွေ့လို့နှုတ်ဆက်လိုက်သေးတယ်။
အဲဒိနောက်ပိုင်းသူ့ကိုမတွေ့ဖြစ်ပေမယ့်နေ့တိုင်းတွေ့နေတာမဟုတ်တော့လည်းအမှတ်တမဲ့ပါပဲ။

၁၉ရက်နေ့လောက်ကျတော့စာတိုက်ပုံးထဲမှာစာတစ်စောင်ရောက်နေတယ်။

၁၆ရက်နေ့မှာ သူ ... ဘ၀တပါးကိုကူးပြောင်းသွားပြီ တဲ့။

မယုံနိုင်လောက်အောင်ပဲ။ အဲဒီမတိုင်ခင်တစ်ရက်ကတင်တွေ့ခဲ့သေးတာလေ။
နေ့မြင်ညပျောက်ဆိုသလိုသေခြင်းတရားကဘယ်အချိန်
ကိုယ့်ဆီရောက်လာမလဲဆိုတာမသိနိုင်ဘူးနော်။
သံဝေဂလည်းရမိတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်။

တိုက်အ၀င်ဝကသစ်ရွက်ခြောက်တွေကိုကြည့်ရင်း
သြော် - သူရှိရင်ဒါတွေကိုလှည်းပေးထားမှာပဲ လို့တွေးမိရင်း . . .
တချိန်တည်းမှာပဲ Bump Of Chicken အဖွဲ့ရဲ့ supernova ဆိုတဲ့သီချင်းကိုလည်းသတိရလိုက်မိတယ်။



ကိုယ်ပူတဲ့အခါမှ သတိထားလိုက်မိတယ်။
ငါ့မှာခန္ဓ္ဓာကိုယ်ရှိနေတယ်ဆိုတာကိုပေါ့။

နှာပိတ်တဲ့အခါမှ သတိထားလိုက်မိတယ်။
ခုချိန်ထိ အသက်ရှုနေခဲ့တယ်ဆိုတာကိုပေါ့။

မင်းရှိနေခြင်း၊ မင်းရဲ့တန်ဖိုးကို အကြိမ်ကြိမ်ဆန်းစစ်ကြည့်ခဲ့ပါတယ်။
ဒါပေမယ့် တကယ့်တန်ဖိုးအစစ်ကိုတော့
မင်းမရှိတော့မှ သိလာတယ်။

စစ်မှန်တဲ့ကျေးဇူးတင်ခြင်းဆိုတာ
(ကျေးဇူးတင်ပါတယ်) ဆိုတဲ့စကားနဲ့ မလုံလောက်ပါဘူး။


သူနဲ့ဆုံတိုင်း နှုတ်ဆက်စကားတွေ၊ အလာပသလာပတွေပြောဖြစ်ခဲ့ပေမယ့်
တခါမှသူ့ကို ကျေးဇူးတင်ပါတယ် လို့မပြောခဲ့မိဘူး။
ခုတော့ပြောချင်ပေမယ့် သူမကြားနိုင်တော့ပါဘူး။

မကြားနိုင်တော့တဲ့အချိန်ကျမှ ပြောချင်ပါတယ်ဆိုတာမျိုးနောက်ထပ်မဖြစ်ရအောင်
တစုံတစ်ယောက်ကိုကျေးဇူးတင်တဲ့စိတ်လေးဖြစ်မိတိုင်း
ကျေးဇူးတင်တယ် ဆိုတဲ့စကားနဲ့မလုံလောက်ပေမယ့်လည်း
ကျေးဇူးတင်တယ် ဆိုတာကိုသိအောင်ပြောပြသွားချင်ပါတယ်။

Thursday, December 16, 2010

Thursday, December 9, 2010

Over The Rainbow - Celtic Woman

Somewhere over the rainbow
Bluebirds fly
Birds fly over the rainbow
Why, then, oh why can't I?




Over The Rainbow
Celtic Woman

_________________________


Somewhere over the rainbow
Way up high
There's a land that I heard of
Once in a lullaby

Somewhere over the rainbow
Skies are blue
And the dreams that you dare to dream
Really do come true

Someday I'll wish upon a star
And wake up where the clouds are far behind me
Where troubles melt like lemondrops
Away above the chimney tops
That's where you'll find me

Somewhere over the rainbow
Bluebirds fly
Birds fly over the rainbow
Why, then, oh why can't I?

Somewhere over the rainbow
Skies are blue
And the dreams that you dare to dream
Really do come true

Wednesday, December 8, 2010

Amazing Graze Rhema Marvanne 7 yr Gospel singer



You are amazing Rhema!
I really like you!!
_______________________________________________

Amazing Grace

Amazing Grace, how sweet the sound,
That saved a wretch like me.
I once was lost but now am found,
Was blind, but now I see.

T'was Grace that taught my heart to fear.
And Grace, my fears relieved.
How precious did that Grace appear
The hour I first believed.

Through many dangers, toils and snares
I have already come;
'Tis Grace that brought me safe thus far
and Grace will lead me home.

The Lord has promised good to me.
His word my hope secures.
He will my shield and portion be,
As long as life endures.

Yea, when this flesh and heart shall fail,
And mortal life shall cease,
I shall possess within the veil,
A life of joy and peace.

When we've been here ten thousand years
Bright shining as the sun.
We've no less days to sing God's praise
Than when we've first begun.

Amazing Grace, how sweet the sound,
That saved a wretch like me.
I once was lost but now am found,
Was blind, but now I see.


Friday, November 26, 2010

ပတ်တီး


ခုတလောပတ်တီးနဲ့မကင်းနိုင်ဘူးဖြစ်နေတယ်။
ဟိုနေ့ကမီးနီခါနီးမှာကားလမ်းပြေးကူးတာ ချိုင့်နင်းမိပြီးခြေခေါက်သွားတယ်။
ရှီဘူယလိုမြို့လယ်ခေါင်ကလမ်းမကြီးမှာချိုင့်ခွက်ရှိမယ်လို့မထင်ထားမိဘူး။
နည်းနည်းတော့သက်သာသွားပါပြီ။
ခုတလောဘာဖြစ်နေလဲမသိဘူး။
ကျန်းမာရေးတော်တော်ညံ့နေတယ်။
ကံနိမ့်နေလားမသိပါဘူး။
ဘုရား၊တရား ပိုများများလုပ်ဖို့သတိပေးနေတာများလား။

Tuesday, November 23, 2010

Friday, November 19, 2010

ငါအိုသွားသောအခါ...

ငါအိုသွားသောအခါ - - -

ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ . . .
အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ . . . ငါ့ကိုမရွံပါနဲ့။
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ” ဘာကြောင့်လဲ ” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ၊ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။
နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို၊ အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒိအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ။

သားသမီးတို့ရေ . . . ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

__________

Anonymous
__________

Thursday, November 18, 2010

Thursday, November 4, 2010

အပါယ်တံခါးပိတ်တဲ့ကုသိုလ် ၇ ပါး

အပါယ်တံခါးပိတ်တဲ့ကုသိုလ် ၇ ပါး
၁။ သရဏဂုံမြဲခြင်း
၂။ ငါးပါးသီလမြဲခြင်း
၃။ အာရုံဆွမ်းနေ့ဆွမ်းနေ့စဉ်မပြတ်လှုဒါန်းခြင်း
၎။ စာရေးတံမဲလှုဒါန်းခြင်း
၅။ ၀ါဆိုသင်္ကန်းကပ်လှုခြင်း
၆။ ရေတွင်းရေကန်လှုခြင်း
၇။ သံဃိကကျောင်းဆောင်လှုဒါန်းခြင်း

Saturday, October 30, 2010

Umbrella by Rihanna



ထီးကလေးအောက်မှာ . . .

အင်း . . .
မုန်တိုင်းဝင်လို့ဒီနေ့ဘယ်မှမသွားရဘူး။
အစက ဒစ်စနီလန်း သွားမလို့ဟာ။

အပြင်မထွက်ရတော့လည်းအိမ်မှာပဲငြိမ်ငြိမ်လေးနေရတာပေါ့။

Thursday, October 28, 2010

Halloween at Tokyo Disney Sea

ပြီးခဲ့တဲ့အပါတ်က တိုကျိုဒစ်စနီစီး သွားတုန်းကဓါတ်ပုံတွေပါ။
အဲဒိနေ့က နေ့လည်၁၁နာရီလောက်မှာ ရောက်သွားတော့
ဒစ်စနီလန်းမှာလူတွေသိပ်များနေလို့လက်မှတ်ရောင်းတာကို
ရပ်ဆိုင်းထားတယ်လို့ကြေငြာနေတယ်။
ဒါပေမယ့် စီး ကတော့ရောင်းနေသေးတယ်။
အဲဒါနဲ့အေးအေးဆေးဆေးလုပ်နေတာ ခဏနေတော့ စီးပါ
လက်မှတ်ရောင်းတာကိုရပ်ပစ်လိုက်ပါလေရော။
စောစောစီးစီးကမ၀ယ်ထားမိလိုက်တော့အထဲဝင်လို့မရဘူး
ပေါ့။ ညနေ၅နာရီမှပြန်ရောင်းတယ်။ ၃နာရီကစ၀င်လို့ရတဲ့
လက်မှတ် (ယန်း ၄၇၀၀) ကို ၅ နာရီမှစရောင်းတာလေ။
တန်းစီနေရတာနဲ့ဝင်လို့ရတော့ ၅နာရီခွဲနေပြီ။
၁၀နာရီအထိပဲဆိုတော့အထဲမှာ၅နာရီတောင်မနေလိုက်ရဘူး။
စီးစရာတွေကလည်းလူတွေအပြည့်။
တစ်ချို့ဟာတွေဆိုတစ်ခုစီးဖို့ကို မိနစ် ၂၀၀ စောင့်ရမယ်ဆိုတာ
တွေတောင်ရှိတယ်။ စီးရတော့ ၃-၄ မိနစ်ရယ်။
အဲဒိနေ့က တစ်ခုပဲစီးခဲ့ရတယ်။
ဓါတ်ပုံရိုက်။ မုန့်စား ။ ဟိုသွားဒီသွားလုပ်ပြီးပြန်လာခဲ့ရတယ်။
သိပ်ထွေထွေထူးထူးမရှိပါဘူး။
အရင်နှစ်တွေနဲ့မထူးမခြားနားပါပဲ။

ဒီနှစ်လည်း သံစဉ်ကမနှစ်ကနဲ့အင်္ကျီတူတူပဲ။
Witch လိုဝတ်တယ်။
ဦးထုပ်ကိုတော့ပြောင်းထားတယ်။
လက်မှာပါတ်တဲ့ဟာ၊နားကပ်၊မိတ်ကပ် ဒါတွေတော့မနှစ်ကနဲ့မတူဘူး။
အထဲမ၀င်ခဲ့ရပေမယ့်ဒစ်စနီလန်း၊ ဒစ်စနီစီး နဲ့ ကပ်ရပ်မှာရှိတဲ့
Ikspiari ဆိုတဲ့ Shopping Mall မှာဓါတ်ပုံတွေအများကြီးရိုက်ခဲ့တယ်။
ရာသီဥတုလည်းကောင်းတော့ ပုံကောင်းလေးတွေရတယ်။
အဲဒိတစ်ခုတော့ပျော်ခဲ့တယ်။

အထဲဝင်ရတဲ့အချိန်ကျတော့ပင်ပန်းနေတာနဲ့သိပ်တောင်မပျော်လိုက်ရပါဘူး။









ဒီတစ်ပါတ် Disney Land ရဲ. Halloween ကို Fairy လေးလိုဝတ်ပြီးသွားမလို့ဟာ
အဲဒိနေ့မိုးရွာမယ်တဲ့။
ချမ်းစိမ့်နေမှာသေချာတယ်။
တိုကျိုမှာဒီနေ့လည်း အရမ်းချမ်းတာပဲ။
တိုကျိုမှာ-အောက်တိုဘာလမှာ ၁၀ ဒီဂရီဆဲလ်စီးယပ်စ်အောက်ရောက်တာ
ဒီနှစ်ပေါင်း၇၀လောက်အတွင်းမှာ ပထမဆုံးအကြိမ်ဆိုပဲ။
ဒီနေ့ အားပြင်းတဲ့ တိုက်ဖုန်းမုန်တိုင်း ၁၄ က၊ အိုခီနာဝါကိုဖြတ်နေတယ်တဲ့။
စနေနေ့ မိုးရွာရင်တော့ Fairy လေးလိုဝတ်လို့ရတော့မှာမဟုတ်ဘူး။
မုန်တိုင်းကကျော်သွားပြီဆိုကောင်းသား။
မဟုတ်ရင်အတောင်ပံတကားကားနဲ့လေထဲပါသွားမှဟုတ်ပေ့ဖြစ်နေဦးမယ်။ :P
မိုးမရွာအောင်ဆုတောင်းရုံပဲရှိတော့တာပေါ့။
ဘုရားရှိခိုးပြီးအိပ်တော့မယ်။

Oyasuminasai!

Sunday, October 17, 2010

The Myth Endless Love Song




Jie kai wo zui shen mi de deng dai
Xing xing zhui luo feng zai chui dong
Zhong yu zai jiang ni yong ru huai zhong
Liang ke xin chan dou
...
Xiang xin wo bu bian de zhen xin
Quan nian deng dai you wo cheng nuo
Wu lun jing guo duo shao de han dong
Wo jue bu fang shuo

(Hee-Seon)
iye nae sonul japgo nunulkamayo
uri saranghetton nalto sengkaghepayo
uri nomu sarangheso
apossonneyo
soro saranghandan malto mottansondayo

(Jackie)
Mei yi ye bei xing tong chuan yue
Si nian yong mei you zhong dian
Zao xi guang le gu du xiang sui
Wo wei xiao mian dui

Xiang xin wo ni xuan ze deng dai
Zai duo ku tong ye bu shan duo
Zhi you ni de wen rou neng jie jiu
Wu bian de leng mo

Hisae nayeso nechago nunei kamayou
Nuri saram haeto nago same kaemayao
Nuri normu saram haeso happa saneyou
Sorou saram hadam mago moteso neyou

(Jackie & Hee-Seon)
Rang ai cheng wei ni wo xin zhong
Nei yong yuan sheng kai de hua

(Hee-Seon)
Chuan yue shi kong jue bu di tou yong bu fang qi de meng

Nuri normu saram haeso happa saneyou
Sorou saram hadam mago moteso neyou

Rang ai cheng wei ni wo xin zhong
Nei yong yuan sheng kai de hua

Nuri sojoh haeto yaso yijito manayou

(Jackie & Hee-Seon)
Wei you zhen ai zhui sui ni wo
Chuan yue wu jin shi kong

(Hee-Seon)
Sorou saram hadam mago moteso neyou

(Jackie)
Ai shi xin zhong wei yi bu bian mei li de shen hua

Monday, October 11, 2010

Monday, October 4, 2010