Monday, November 17, 2008

စိတ်ကူးယဉ်ခြင်း

ဘာကိုမှမမက်မော
လွတ်လပ်စွာရွေ.မျောနေတဲ့
တိမ်တိုက်တွေကို အားကျတယ်။

အမှောင်ယံကိုခွင်း
အေးချမ်းတဲ့အလင်းဖန်ဆင်းပေးတဲ့
လမင်းလေးကို မြတ်နိုးတယ်။

တောက်ပစွာလင်းလက်
ကောင်းကင်ယံကို အလှဆင်တတ်တဲ့
ကြယ်ပွင့်လေးလည်းငါချစ်တယ်။

ဖွေးဥနေတဲ့တိမ်တိုက်တွေဆီ
ငါမြတ်နိုးတဲ့လမင်းလေးဆီ
သိပ်ချစ်ရတဲ့ကြယ်ပွင့်လေးဆီ
လွတ်လပ်စွာနဲ့ပျံသန်းသွားဖို့
အတောင်ပံတစ်စုံ လိုချင်တယ်။

No comments: