Friday, July 18, 2008

☆ ကြယ် ☆

ဒီနေ့လည်း ထုံးစံအတိုင်း ညမိုးချုပ်မှအိမ်ပြန်ရောက်တယ်။
ဘူတာကိုရောက်တော့၊ မိုးကောင်းကင်ကို မော့ကြည့်မိတယ်။
မရှိမှန်းသိရက်နဲ့ ကြယ်လေးတွေကို ရှာဖွေမိတယ်။
ထင်ထားတဲ့အတိုင်းဘဲ ကြယ်တစ်ပွင့်မှမရှိပါဘူး။
လမင်းလေးလည်း ဘယ်မှာပုန်းနေလဲမသိဘူး။
တိမ်ညိုတွေနဲ့ကောင်းကင်ကြီးက အရမ်းကိုအထီးကျန်နေတယ်။
တိုကျိုက ညရဲ.ကောင်းကင်ယံဟာ လွမ်းဆွေးဖွယ်ကောင်းလွန်းတယ်။
မြန်မာပြည်ကိုလွမ်းတယ်။
ညဘက်ဆိုဝရံတာထွက်ကြည့်လိုက်ရင်ကြယ်လေးတွေတလက်လက်နဲ့။
လသာတဲ့ညတွေမှာ လေညှင်းခံရင်း သီချင်းလေးနားထောင်ပြီး စိတ်ကူးတွေယဉ်ခဲ့တာ ...
ပြန်တွေးကြည့်ရင် အိပ်မက်လိုပါပဲလား။
အရင်အချိန်တွေဟာ အိပ်မက်လိုပါပဲလား။

အချိန်တွေက အကုန်မြန်တယ်။ ဘယ်အရာမှလည်းမတည်မြဲဘူး။
ဒါ့ကြောင့် . . .
အချိန်တိုင်း၊ အရာတိုင်း၊ လူတိုင်း ကို တန်ဖိုးထားရမယ်နော်။
လို့တစ်ယောက်တည်းအတွေးနယ်ချဲ.ရင်း
ဖူး . . . အိပ်ချိန်တန်ပြီ။ မနက်ဖြန် စာမေးပွဲ ၂ ခုတောင်ရှိတယ်။
အားလုံးပဲ အိပ်မက်လှလှမက်ပါစေ။

No comments: