Saturday, July 5, 2008

သူငယ်ချင်းရဲ. တစ္ဆေအတွေ့အကြုံ

သူငယ်ချင်းရဲ. တစ္ဆေအတွေ့အကြုံကိုရေးမယ်ပြောပြီးခုမှဘဲရေးဖြစ်တယ်။

သံစဉ့်သူငယ်ချင်းက ကျောင်းဆင်းပြီးသွားရင်ည၁၂နာရီခွဲလောက်အထိ
၂၄နာရီအရောင်းဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်တယ်။

တစ်ည . . . ည၁၂နာရီကျော်လောက်မှာ - - - ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဆိုင်ထဲကိုဝင်လာတယ်။
ပြီးတော့ ကောင်လေးက ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်ဗူး တစ်ဗူးဝယ်တယ်။ ပိုက်ဆံရှင်းတဲ့ကောင်တာမှာ

သူငယ်ချင်း --- ယန်း ၁၈၀ ကျပါတယ်။ တူ ဘယ်နှစ်စုံထည့်ပေးရမလဲ ။

ဝယ်သူကောင်လေး --- ( နားမလည်တဲ့ပုံစံနဲ့ ) တစ်စုံဆိုရပါပြီ။

သူငယ်ချင်း --- ဟုတ်ကဲ့။
(သြော် ၊ တူတစ်စုံထဲနဲ့နှစ်ယောက်အတူစားမယ်ထင်ပါတယ်လေ) လို့တွေးရင်း ခေါင်းငုံပြီးတူကိုအိတ်ထဲထည့်၊ ပိုက်ဆံယူနေတုန်း

ဝယ်သူ --- မှားသွားတယ်။ တူနှစ်စုံထည့်ပေးပါ။

သူငယ်ချင်းလည်း ( ဖြစ်ရပြန်ပြီ ) လို့တွေးရင်း မော့ကြည့်လိုက်ချိန် ခုနအမျိုးသမီးကကောင်လေးရဲ.ခေါင်းကိုနောက်ကနေ ကိုင်ထားတာကိုတွေ့လိုက်တယ်။
အဲဒါနဲ့ သူသိလိုက်တယ်။ ဒီအမျိုးသမီးက လူမဟုတ်ဘူး။
ကောင်လေးကတော့ ဘာမှသတိမထားမိရှာဘူး။
အဲဒါနဲ့ ကောင်လေးကိုပြောမလို့ကြံလိုက်တုန်း ကြက်သီးဖြန်းကနဲ့ထပြီးသူ့နားနားမှာအခုလိုလာပြောတာကိုကြားလိုက်တယ်။

''ပြောရဲပြောကြည့်၊ နင့်ကိုသတ်ပစ်မယ်။''

အဲဒါနဲ့ သူလည်းမပြောတော့ဘဲ တူနှစ်စုံထည့်ပေးလိုက်လေရဲ.။

1 comment:

Republic said...

တကယ်လားဗျ .. မနောက်နဲ့နော်
ကြောက်စရာကြီး ... :)