Friday, July 18, 2008

ありがとうの詩

My Way by Def Tech

Saturday Program

သြော် - ခုတလော ကြော်ငြာမလုပ်တာတောင်ကြာသွားပြီ။
အားရင် စနေနေ့အစီအစဉ်လေးနားထောင်ကြည့်ပါဦး။
နောက်အပါတ် မြန်မာသီချင်းလေးတွေလွှင့်မယ်။
ဂျပန်သီချင်းတွေကိုအင်တာနက်ကနေလွှင့်လို့မရတော့ နားထောင်လို့တော့သိပ်မကောင်းဘူးပေါ့။ ဒီအပါတ်လွှင့်သွားတဲ့ သီချင်းက Def Tech အဖွဲ့ရဲ. My Way နဲ့ ありがとうの詩 ကျေးဇူးသီချင်း ဆိုတဲ့နှစ်ပုဒ်ပေါ့။ Youtube ကနေပဲ နားထောင်တော့နော်။

☆ ကြယ် ☆

ဒီနေ့လည်း ထုံးစံအတိုင်း ညမိုးချုပ်မှအိမ်ပြန်ရောက်တယ်။
ဘူတာကိုရောက်တော့၊ မိုးကောင်းကင်ကို မော့ကြည့်မိတယ်။
မရှိမှန်းသိရက်နဲ့ ကြယ်လေးတွေကို ရှာဖွေမိတယ်။
ထင်ထားတဲ့အတိုင်းဘဲ ကြယ်တစ်ပွင့်မှမရှိပါဘူး။
လမင်းလေးလည်း ဘယ်မှာပုန်းနေလဲမသိဘူး။
တိမ်ညိုတွေနဲ့ကောင်းကင်ကြီးက အရမ်းကိုအထီးကျန်နေတယ်။
တိုကျိုက ညရဲ.ကောင်းကင်ယံဟာ လွမ်းဆွေးဖွယ်ကောင်းလွန်းတယ်။
မြန်မာပြည်ကိုလွမ်းတယ်။
ညဘက်ဆိုဝရံတာထွက်ကြည့်လိုက်ရင်ကြယ်လေးတွေတလက်လက်နဲ့။
လသာတဲ့ညတွေမှာ လေညှင်းခံရင်း သီချင်းလေးနားထောင်ပြီး စိတ်ကူးတွေယဉ်ခဲ့တာ ...
ပြန်တွေးကြည့်ရင် အိပ်မက်လိုပါပဲလား။
အရင်အချိန်တွေဟာ အိပ်မက်လိုပါပဲလား။

အချိန်တွေက အကုန်မြန်တယ်။ ဘယ်အရာမှလည်းမတည်မြဲဘူး။
ဒါ့ကြောင့် . . .
အချိန်တိုင်း၊ အရာတိုင်း၊ လူတိုင်း ကို တန်ဖိုးထားရမယ်နော်။
လို့တစ်ယောက်တည်းအတွေးနယ်ချဲ.ရင်း
ဖူး . . . အိပ်ချိန်တန်ပြီ။ မနက်ဖြန် စာမေးပွဲ ၂ ခုတောင်ရှိတယ်။
အားလုံးပဲ အိပ်မက်လှလှမက်ပါစေ။

Wednesday, July 16, 2008

New Color! My First Gradiation! (^_^)
















အရောင်အသစ်လေးဝယ်ပြီးgradiationလုပ်ကြည့်တာရသွားတယ်။(^_^)
လုပ်နည်းလေးသဘောပေါက်သွားပြီဆိုတော့ နောင်ကိုအမျိုးမျိုးလုပ်ကြည့်လို့ရသွားပြီ။ ဟီဟိ
မနက်ဖြန် ယူခတ(ဂျပန်ရိုးရာဝတ်စုံ) ၀တ်ပြီး မီတမ မာဆူရီပွဲသွားမယ်။楽しみ~♪ ခုတော့အိပ်တော့မယ်။

Tuesday, July 8, 2008

もう一度 One More Time

A Trip To Narita San


















လှတယ်ဟုတ် ? ပန်းလေးတွေကိုပြောတာနော်။ :P (^_^)

Saturday, July 5, 2008

သူငယ်ချင်းရဲ. တစ္ဆေအတွေ့အကြုံ

သူငယ်ချင်းရဲ. တစ္ဆေအတွေ့အကြုံကိုရေးမယ်ပြောပြီးခုမှဘဲရေးဖြစ်တယ်။

သံစဉ့်သူငယ်ချင်းက ကျောင်းဆင်းပြီးသွားရင်ည၁၂နာရီခွဲလောက်အထိ
၂၄နာရီအရောင်းဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်တယ်။

တစ်ည . . . ည၁၂နာရီကျော်လောက်မှာ - - - ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဆိုင်ထဲကိုဝင်လာတယ်။
ပြီးတော့ ကောင်လေးက ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်ဗူး တစ်ဗူးဝယ်တယ်။ ပိုက်ဆံရှင်းတဲ့ကောင်တာမှာ

သူငယ်ချင်း --- ယန်း ၁၈၀ ကျပါတယ်။ တူ ဘယ်နှစ်စုံထည့်ပေးရမလဲ ။

ဝယ်သူကောင်လေး --- ( နားမလည်တဲ့ပုံစံနဲ့ ) တစ်စုံဆိုရပါပြီ။

သူငယ်ချင်း --- ဟုတ်ကဲ့။
(သြော် ၊ တူတစ်စုံထဲနဲ့နှစ်ယောက်အတူစားမယ်ထင်ပါတယ်လေ) လို့တွေးရင်း ခေါင်းငုံပြီးတူကိုအိတ်ထဲထည့်၊ ပိုက်ဆံယူနေတုန်း

ဝယ်သူ --- မှားသွားတယ်။ တူနှစ်စုံထည့်ပေးပါ။

သူငယ်ချင်းလည်း ( ဖြစ်ရပြန်ပြီ ) လို့တွေးရင်း မော့ကြည့်လိုက်ချိန် ခုနအမျိုးသမီးကကောင်လေးရဲ.ခေါင်းကိုနောက်ကနေ ကိုင်ထားတာကိုတွေ့လိုက်တယ်။
အဲဒါနဲ့ သူသိလိုက်တယ်။ ဒီအမျိုးသမီးက လူမဟုတ်ဘူး။
ကောင်လေးကတော့ ဘာမှသတိမထားမိရှာဘူး။
အဲဒါနဲ့ ကောင်လေးကိုပြောမလို့ကြံလိုက်တုန်း ကြက်သီးဖြန်းကနဲ့ထပြီးသူ့နားနားမှာအခုလိုလာပြောတာကိုကြားလိုက်တယ်။

''ပြောရဲပြောကြည့်၊ နင့်ကိုသတ်ပစ်မယ်။''

အဲဒါနဲ့ သူလည်းမပြောတော့ဘဲ တူနှစ်စုံထည့်ပေးလိုက်လေရဲ.။

. . . Be Loved . . .

ကိုယ့်ကိုသိပ်ချစ်တဲ့သူရှိနေတာ
ကံကောင်းပါတယ်။
ဒါပေမယ့် ၊ တခါတလေကျတော့ . . .
တချို့သောသူတွေရဲ.အချစ်က
. . . ပူလောင်တယ် . . .
ပူလောင်တဲ့အချစ်တွေရဲ.
စိုးမိုးမှုအောက်မှာ
ကျဉ်းကျပ်စွာနေရမယ်ဆိုရင်
လွတ်လပ်စွာနဲ့
တစ်ယောက်တည်းပဲ နေချင်တယ်။

Thursday, July 3, 2008

Let's Try!




You Will Die at Age 73



You're pretty average when it comes to how you live...

And how you'll die as well.