Saturday, May 31, 2008

Radio Program

ဒီအပါတ်ကတော့မြန်မာသီချင်းလေးနှစ်ပုဒ်ရယ်၊ ဂျပန်ရိုးရာဝတ္ထုတိုရယ် ကိုတင်ဆက်ထားပါတယ်။ သီချင်းနှစ်ပုဒ်ကတော့ (အချစ်အတွက်ကံမကောင်းခဲ့သူ - အယ်လ်ဆိုင်းဇီ) နဲ့ (သနပ်ခါး - Black Hole ) ပါ။ ၀တ္ထုတိုထဲမှာ သံစဉ်လည်းဝင်သရုပ်ဆောင်ထားတယ်။ အသံမှတ်မိလား။ ဟဲဟဲ . . .
နားထောင်ကြည့်ပါဦး ။
Click Here -----> May 31

Tuesday, May 27, 2008

back date


သဇင်သီချင်းဆိုတဲ့စတိတ်ရှိုးမှာ အ၀င်ဝနားမှာခုံချပြီး
မြန်မာလူမျိုးတွေရော၊ တခြားဂျပန်လူမျိုးအသိတွေပါ
လာပြီးအလှူခံခဲ့ကြတယ်။ သံစဉ်တို့လုပ်ပေးနိုင်တာတွေက
အရမ်းနည်းနေသေးတယ်။ ဒါပေမယ့် ဘာမှမလုပ်တာ
ထက်စာရင်ကိုယ်တတ်နိုင်သလောက်ကိုတော့လုပ်သင့်တယ်
မဟုတ်လား။ နောက်ထပ်လည်းအလှူငွေရှာကြဦးမှာပါ။
ဒုက္ခသည်တွေအားလုံးအမြန်ဆုံးကျန်းမာချမ်းသာပြီးအဆင်ပြေကြပါစေ။

Saturday, May 24, 2008

Programs Are Killing Me!

သံစဉ်ကကျောင်းမှာအခု C++အတန်းကိုယူထားတယ်။
သံစဉ်ကတခြားကောလိပ်ကိုအောင်ပြီးဒီတက္ကသိုလ်ကို
တတိယနှစ်ကနေဖြတ်တက်တာလေ။ C++အခြေခံမရှိ
ဘဲနဲ့ တတိယနှစ်အတန်းကနေစတက်လိုက်တော့
တခါတည်းပြာထွက်သွားတာဘဲ။ ငိုတောင်ငိုချင်တယ်။
ဘာတွေမှန်းလည်းမသိဘူး။ Programming ကိုဘယ်လို
မှတ်ရလဲဆိုတာမသိဘူး။ စိတ်ညစ်ပါတယ်။
ဘလော်ဂါကိုကိုမမတွေထဲမှာ ပရိုဂရမ်မာတွေ၊ နည်းပညာ
ရှင်တွေအများကြီးရှိတယ်ဆိုတော့ နည်းလမ်းလေးရှိရင်
ပြောပြပါဦးနော်။ အားကိုးပါတယ်။

ဆုတောင်း

ဒီအပါတ်က လေးဖြူရဲ. (မင်းကိုချစ်လို့) ရယ်၊ ဆောင်းဦးလှိုင်ရဲ.(အချစ်ကအမှား)
ရယ်လွှင့်သွားတာ။ ဒါပေမယ့် အဆိုတော်တွေရဲ.သီချင်းတွေကိုအပါတ်တိုင်းတော့
အင်တာနက်ပေါ်မတင်ရဘူးဆိုလို့ ဒီအပါတ်ရှေ.ပိုင်းကသီချင်းနှစ်ပုဒ်အဖြတ်ခံ
လိုက်ရတယ်။ အဟင့် (ToT)
ဒါပေမယ့်နောက်ပိုင်းမှာသံစဉ်တို့တွေဆိုထားတဲ့ ( ဆုတောင်း )ဆိုတဲ့သီချင်း
တော့တင်ထားတယ်။ နားထောင်ကြည့်ပါဦး။(^_^) -----> May 24


ဒီရက်ပိုင်းအတွင်းသံစဉ်နေသိပ်မကောင်းတာရော၊ အလုပ်များနေတာကြောင့်လည်လည်မထွက်ဖြစ်ဘူး။ ဆောရီးနော်။လာလည်သူအားလုံးကျေးဇူးတင်ပါတယ်။ သံစဉ်အလည်မလာဖြစ်တာနဲ့သံစဉ့်ဆီလည်း
မလာတော့ဘဲတော့မနေနဲ့နော်။ နောင်လည်းလာလည်ဦးနော်။ (^_^)

Tuesday, May 20, 2008

My Favorite Song

M-FLO ♥ Melody & Ryohei ~ miss you

Monday, May 19, 2008

Online War!???

အောင်မလေး !!! ဘုရား ဘုရား !!!
onlineပေါ်မှာဘလောဂါတွေရန်ဖြစ်နေကြတာကြောက်စရာလန့်စရာကြီးပါလား။ တချို့တွေကလည်းသူများတွေရဲ.နာမည်ကိုလိုက်ဖျက်၊ သိက္ခာချရေးသားနေလိုက်
ကြတာ စိတ်ညစ်စရာဘဲ။ ဘလော့ဂ်ရေးရတာတောင်ကြောက်သလိုလိုဖြစ်လာပြီ။
OOPS!!!!!!! ၃နာရီကျော်သွားပြီ။ အိပ်မှ အိပ်မှ ။

lovely

Sunday, May 18, 2008

Saturday Program

ဒီအပါတ်အစီအစဉ်မှာအသံဆိုးကြီးနဲ့သီချင်းဆိုပြီးနှိပ်စက်ထားပါတယ်။ နောက်လတွေပိုကောင်းအောင်ကြိုးစားပါ့မယ်။
ဒီတစ်ပါတ်တော့သည်းခံပါရှင်။ (T0T)
အကြံပေးချက်လေးတွေလည်းဖိတ်ခေါ်ပါတယ်။
ဒီအပါတ်အစီအစဉ်မှာပြန်ကြားစာလေးတွေနည်းသွားတယ်။
နောက်အပါတ်တော့စာများများထည့်ဖြစ်မယ်။ နောက်ပြီးဂျပန်သီချင်းမပါတော့ဖြတ်စရာလည်းမလိုဘူးဆိုတော့အချိန်ပိုရှည်မယ်။
Oops! ၂ နာရီခွဲပြီ။ အိပ်မှဖြစ်တော့မယ်။ အားလုံးဘဲ အိပ်မက်လှလှမက်ပါစေ။
Click >>> May 17

Kiroro 長い間 

http://jp.youtube.com/watch?v=N0tYjzisH0o&feature=related

Kiroro 未来へ အနာဂါတ်ဆီသို့

Wednesday, May 14, 2008

Tuesday, May 13, 2008

Funny Cutie

အိပ်ချင်တာအိပ်လိုက်တာမဟုတ်ဘူး။:P

မုန်တိုင်းခံ ဒေသများသို့

တစ်ဆင့်တစ်ဆင့် ကူးယူဖော်ပြပေးပါ။ စာအုပ်ငယ်များပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ဖြန့်ချီပေး နိုင်သည် အထိ ကူညီပေးပါ။

ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ။

• အမှန်တစ်ကယ်အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်

• အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများရေထဲထိနေခြင်းရှိမရှိစသည်။

• ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။

• ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။ ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ များအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။

• ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်းကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။

• တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။ ခြံစည်းရိုးအစရှိသည်နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။


အစားအသောက်ပေးလှူလိုသည်ဆိုလျင်အောက်ပါအချက်များအား စဉ်းစားပါ။

* ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
* လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
* ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
* ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
* ဥပမာပေးထားသည့် အစားအစာများမှာ - စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုးဆေးပြားများကိုလည်းပေးပို့နိုင်ပါသည်။ ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
* စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။
* ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
* အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။


အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

* နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
* အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
* ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
* ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
* လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ။

ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။

* အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
* ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
* ကလိုရင်း ဆေးရည်
* ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
* အိမ်သာသုံးစက္ကူ
* အိမ်သာဘယ်လိုဆောက်မလဲ - ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင်စွန့်ပစ်ရန်သတိပြုပါ။
* ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများရှာဖွေရန်လိုအပ်ပါသည်။ ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
* အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
* အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
* ရေပတ်တိုက်ခြင်း
* Towelette များအသုံးပြုသန့်စင်ခြင်း
* မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
* စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။

(အားလုံး ကူညီတဲ့ အနေနဲ့ blog တိုင်းမှာတင်ပေးပါ။ အဓိကကတော့ မြန်မာနိုင်ငံအတွင်း ပြည်သူများသိရှိနိုင်ဘို့ ရည်ရွယ်ပါတယ်။စတင်ရေးသားသူအား ကျေးဇူးအထူးတင်ပါသည်။)

NatShinNaung မှတဆင့်ကူးယူဖြန့်ဝေပါသည်

...

ဒီရက်ပိုင်းအတွင်း အလုပ်တွေရှုပ်သလို စိတ်တွေလည်းတအားရှုပ်နေတယ်။ ကြားရတဲ့သတင်းတွေကလည်းစိတ်ဆင်းရဲစရာတွေချည်းပဲ။ အဲဒါနဲ့ဘဲပို့စ်တောင်မှအသစ်မတင်ဖြစ်ဘူး။ ဒီနေ့မှဘဲရေးဖြစ်တော့တယ်။ ရေးသာရေးနေတာ။ ဘာရေးရမှန်းလည်းမသိဘူး။ စိတ်ရှုပ်နေတာဘဲသိတယ်။တော်ပြီ။ ဆက်မရေးတော့ဘူး။

6.5.2008















Shiba Zakura

Sakura





























haaaaa...........

sate shote tae.................................................

Saturday, May 3, 2008

သံဃာတော်တွေရဲ.မေတ္တာတော်

သံဃာ့တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးရဲ.ပန်ကြားလျှောက်ထားချက်ကို
ဖတ်ပြီးရင်ထဲတော်တော်မကောင်းဘူးဖြစ်သွားတယ်။
သံဃာတော်တွေရဲ.မေတ္တာတော်တော့်ကိုကြီးမားပါလားလို့တွေး
မိတယ်။သံဃာတော်တွေရဲ.မေတ္တာတော်ကိုစက်တင်ဘာအရေး
အခင်းမှာသိခဲ့ရပြီးပြီ။စက်တင်ဘာအရေးအခင်းမှာသံဃာတော်
တွေအကြီးအကျယ်ဒုက္ခခံစားခဲ့ရလည်းရှေ.ဆက်ပြီးလည်းဒကာ၊
ဒကာမတွေရှေ.ကနေရပ်တည်ပေးဦးမယ်ဆိုတာကိုဖတ်လိုက်ရ
တော့စိတ်ထဲမှာမကောင်းဘူးဖြစ်သွားတယ်။
ကြက်သီးတောင်ထမိတယ်။
မြန်မာနိုင်ငံမှာမေတ္တာရှင်တွေ၊ သူတော်ကောင်းတွေအများကြီှးရှိ
ရက်သားနဲ့ဘာဖြစ်လို့မငြိမ်းချမ်းနိုင်သေးတာလဲ။
အခုလည်းရန်ကုန်မှာမုန်တိုင်းဝင်လို့ရစရာမရှိအောင်ဖြစ်နေတယ်။
ဘာလို့လဲ။ မြန်မာနိုင်ငံကြီးဘာတွေဖြစ်နေတာလဲ။
မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေလို့ဘဲဆုတောင်းပါတယ်။
သံဃာတော်များနဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း ဘေးရန်ကင်းပါစေ။

Teach Me Please!!!

EOT လုပ်တာ နောက်ဆုံးအဆင့်ကျမှမရဘူးဖြစ်နေတယ်။ template မှာကပ်တဲ့အခါ Invalid variable declaration in page skin: Variable is used but not defined. Input: WEFT လို့ပေါ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ သိရင်ပြောပြပါဦး။ ဆံပင်တွေဖြူတော့မယ်။

3.5.08 Radio Program

ဒီအပါတ်တော့ဂျပန်စကားပြောသင်ခန်းစာလေးပါပါတယ်။
နားထောင်ပြီးတတိယပါတ်ကျရင်စာမေးပွဲဝင်ဖြေကြည့်ပါလား။
အင်တာနက်ကနေဆိုတော့အကြိမ်ကြိမ်နားထောင်ပြီးဖြေလို့ရတယ်။
ရေဒီယိုကနေနားထောင်တဲ့သူတွေအပေါ်နည်းနည်းတော့မတရားဘူး
နော်။ (^^;) အဖြေမှန်ရင်ရေဒီယိုဂျပန်ကလက်ဆောင်လေးတွေပို့
ပေးဦးမှာ။ သံစဉ်ကိုယ်တိုင်ရွေးထားတဲ့လက်ဆောင်လေးတွေပေါ့။
(^^)
စာတွေပြန်ကြားရင်းနဲ့လည်းမထိတထိကလိထားသေးတယ်။
ဒီအပါတ်ရဲ.မြန်မာသီချင်းက ရသ ရဲ. သစ်ပင်။
ဂျပန်စာသင်ထားတဲ့သီချင်းလေးက 大橋卓弥 ရဲ. ありがとう
(ကျေးဇူးတင်ပါတယ်) ဆိုတဲ့သီချင်းပေါ့။ Youtube ကနေနားထောင်
ကြည့်နော်။ စာမေးပွဲပြီးသွားရင်စာသားလေးတင်လိုက်မယ်။
စာမေးပွဲမပြီးခင်တင်လိုက်ရင်အဖြေသိသွားမှာစိုးလို့။ ဟဲဟဲ ။

Click here to listen!


僕はサンタクロース I am Santa Clause by Funky Monkey Babys

Friday, May 2, 2008

Sleepy!

Sorry for the inconvenience!!
I will try to EOT? when i have time.
I am soooo bzzz with my new little shopping site Melody these 2 days.
I started building that site yesterday and I spent about 4 hours today too.
But there are only a few things on my site and I still need to increase more.
And I wanna change the design too. But I don't really have time. (TOT)
I have to sleep now. It's 1:30am already. Sooo Tired!!
Bye everyone! Have a sweet dream.