Thursday, April 3, 2008

Oh....soooo bzzz

ဒီနေ့ကျောင်းသွားရတယ်။ ပထမရက်ကမောင်မယ်သစ်လွင်ကြိုဆိုပွဲလေ။ ဒီနေ့ကတော့ဒုတိယမြောက်နေ့ပေါ့။ တတိယနှစ်ကစပြီး ကိုယ်တက်မယ့် seminar အတွက်ကိုယ်လုပ်ချင်တဲ့ field နဲ့ ဆရာကိုရွေးရတယ်။ သံစဉ်ကCollegeအောင်ပြီး ဒီတက္ကသိုလ်ကိုတတိယနှစ်ကနေဖြတ်တက်တာဆိုတော့ဘယ်ဆရာကိုရွေးရမှန်းမသိဘူးလေ။ အဲဒါနဲ့ရုံးခန်းကဆရာနဲ့တိုင်ပင်လိုက်တော့ အဲဒိဆရာကရွေးပေးတယ်။ ဒါပေမယ့် သူရွေးပေးတဲ့ဆရာကကျောင်းသားတွေကိုမတရားခိုင်းတယ်တဲ့။ နည်းနည်းကြောက်ဖို့ကောင်းတယ်လို့ပြောတယ်။ သည်းခံနိုင်လားတဲ့။ ကြောက်ဖို့ကောင်းတဲ့ဆရာမကြိုက်ဘူးလို့ပြောလိုက်တော့ နောက်ဆရာတစ်ယောက်တော့ရှိတယ်။ သူ့အချိန်ဆိုရင် self study လုပ်ခိုင်းတာများတယ်။ သိပ်ပြီးသင်ပေးပြပေးတာမရှိဘူးတဲ့။ အဲဒိလိုကြီးကျပြန်တော့လည်းမကောင်းဘူးလေ။ အဲဒါနဲ့ကြောက်ဖို့ကောင်းတဲ့ဆရာရဲ. class ကိုဘဲရွေးလိုက်တယ်။ မနက်ဖြန်ကျရင်ကျောင်းမှာကျန်းမာရေးသွားစစ်ရဦးမယ်။ ပြီးတာနဲ့အလုပ်ကိုတန်းပြေးရမှာ။ ဖူး . . . မလွယ်ပါလား။ မနက်ဖြန်အလုပ်မှာနောက်အပါတ်ကစပြီး ဘယ်နေ့တွေ၊ ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိ အလုပ်ဆင်းနိုင်လဲဆိုတာပြောရမှာ။ အဲဒိအတွက် ဒီညကတည်းကအချိန်ဇယားကိုသေချာဆွဲပြီး ကျောင်းကဘယ်အချိန်ပြီးမလဲ။ အလုပ်ဘယ်အချိန်ဆင်းနိုင်မလဲဆိုတာကြိုစဉ်းစားထားရမယ်။ အရင်ဆုံးဘာsubject တွေယူမလဲဆိုတာဆုံးဖြတ်ရဦးမယ်။ နိုင်ငံခြားဘာသာကိုတော့ တရုတ်စာယူမယ်လို့စဉ်းစားထားတယ်။ ပေးယူမယူတော့မသိသေးဘူး။ တတိယနှစ်ကနေဖြတ်တက်တာဆိုတော့ သံစဉ့်အရည်အချင်းနဲ့လိုက်နိုင်ပါ့မလားမသိဘူး။ တ၀က်ကနေဖြတ်တက်ရတာ မလွယ်ပါဘူး။ လုပ်စရာတွေလည်းအများကြီး။ စာကလည်း ခက်ဦးမှာ။ credit တွေပြည့်အောင်ယူဖို့တက်ရမယ့်အတန်းတွေကလည်း တပုံကြီး။ ကျောင်းလခကလည်းဈေးကကြီးဆိုတော့ အလုပ်ကလည်းလုပ်ရဦးမယ်။ သြော် - လူလုပ်ရတာမလွယ်ပါလား။ မြန်မာနိုင်ငံမှာလို ဘော်ကျော့လေးနေရတဲ့ဘ၀ကိုလွမ်းမိတယ်။ ကဲ ကဲ - ဒါတွေပြောနေလို့မပြီးဘူး။ လုပ်စရာရှိတာတွေလုပ်ရဦးမယ်။ ဒီနေ့တော့ဒီလောက်ပဲ။ ကျောင်းကိစ္စတွေပြီးရင် နောက်တစ်ပါတ်ရေဒီယိုအစီအစဉ်အတွက် သောတရှင်တွေရဲ. စာတွေကို ရွေးရဦးမယ်။ OHHH....BZ BZ BZ BZ BZ BZ!!! BZ တယ်ဆိုပြီး ဘလော့ဂ်ရေးနေသေးတယ်။ ဟီး . . . ရောဂါကမသေးဘူး။ ကဲ - ဒီနေ့တော့ဒီလောက်ပဲ။ တကယ်တော်ပြီ။

2 comments:

klatt23 said...

Life so tar di lo bal... kyout boe. kg tae. sayar lal teaching skill kg yin tat ya mhar bal... he he :) "money" is not most important.. but "credit" is very important.. hal hal.. :P Just kidding! I have a motto ... Just try it !
" If you think you can , you can "

KAL

MelodyMon said...

>>Klatt23
yap! u said a good thing! it's a good motto! u lae: try ur best to become a great designer!