Thursday, April 10, 2008

ရေးမှာဘဲ

ရေးစရာထွေထွေထူးထူးတော့မရှိပါဘူး။ ဘယ်သူတွေများလာလည်သွားလဲလို့ကောင်တာထဲမှာဝင်ကြည့်တော့first time visitorတွေတော်တော်များများလာသွားတာတွေ့ရတယ်။ ၀မ်းသာစရာပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက ဘာမှရေးထားတာမတွေ့ရဘူး။ 。・゚゚・(>_<;)・゚゚・。 အင်းပေါ့လေ။ ရေးချင်စရာကောင်းလောက်အောင်ဖတ်လို့ကောင်းတဲ့ပို့စ်မှမရှိတာ။ (^^;) ဖတ်တဲ့လူမရှိလည်း ရေးမှာဘဲ။ ရေးမှာဘဲ ဆိုတဲ့ စကားလုံးကိုရိုက်လိုက်တဲ့အချိန်မှာ သီချင်းလေးတစ်ပုဒ်ခေါင်းထဲဝင်လာတယ်။

==========================

ဘယ်သူတွေပြောပြော မကောင်းဘူးလို့
ချစ်မှာဘဲ
ငါကအမြဲတမ်းမင်းရှေ.က
ချစ်မှာဘဲ
နင်လေလုံးဝဂရုမစိုက်လည်း
ချစ်မှာဘဲ

==========================

ဆိုတဲ့ နိုးရဲ.ချစ်မှာဘဲ ဆိုတဲ့သီချင်းလေးပေါ့။ ကိုယ့်ကိုလုံးဝဂရုမစိုက်တဲ့သူကိုချစ်တယ်ဆိုတာတော်တော့်ကိုပင်ပန်းတဲ့အလုပ်ဘဲနော်။

ဟာ ! ၁၀နာရီခွဲကျော်သွားပြီ။ မနက်ဖြန်အတန်းတက်ရမှာစောတယ်။ ဘလော့ကိုဒီမှာတင်ရပ်ထားပြီးလုပ်စရာရှိတာမြန်မြန်လုပ်မှ။

3 comments:

klatt said...

သံစဉ် ရေ!
“ရေးမှာဘဲ၊ရေးမှာဘဲ” စာသားကိုတွေ့လိုက်ရတော့.......
ငါလည်းအဲလက်စ်သီချင်း“မိုးလင်းကထဲက စဉ်းစားမိတာရေးဖို့ပါဘဲ....ရေးမှာပဲ၊ရေးမှာပဲ ငါ့ကိုလာမတားနဲ့” စာသားကို သွားသတိရလိုက်တယ်ဟာ.....ဟဲ ဟဲ {'_'}

MelodyMon said...

စားမှာဘဲ ဟုတ်ဖူးလား။

Myo Kyaw Htun said...

ရေးပါဗျာ ဘလော့ဂ်ဆိုတာ ရေးဖို့ထားတာပဲ
ကော့မန့်ပေးတာကတော့ ဖတ်တဲ့သူရဲ့အကြိုက်ပေါ်မှာမူတယ်လေ
လူတိုင်းက အကြိုက်ခြင်းမှ မတူတာ

Myo Kyaw Htun
www.myokyawhtun.com