Wednesday, April 2, 2008

ရေဒီယိုအစီအစဉ်

NHKရေဒီယိုဂျပန် ရဲ.အစီအစဉ်တွေကိုနားထောင်ဖူးပါသလား။
ကြော်ငြာလေးလုပ်လိုက်ဦးမယ်။(^_^)
သတင်းတွေအပြင်၊ဗဟုသုတရစရာတွေ၊ပျော်စရာအစီအစဉ်လေးတွေလည်းရှိတယ်။
သံစဉ်ကတော့အပါတ်တိုင်းစနေနေ့တေးဂီတအစီအစဉ်မှာသီချင်းတွေနဲ့နားဒုက္ခပေးနေပါတယ်။စနေနေ့အစီအစဉ်ကိုအပါတ်တိုင်း(၁၉)မိနစ်ကြာတင်ဆက်တယ်။
(၁၉)မိနစ်ကိုအပိုင်း၂ပိုင်းခွဲထားတယ်။
ပထမပိုင်း(၁၀)မိနစ်လောက်ကဂျပန်သီချင်းလေးတွေကိုတင်ဆက်ပေးတယ်။ ဂျပန်သီချင်းတွေကိုတော့မူပိုင်ခွင့်ပြုချက်အရအင်တာနက်ပေါ်တင်လို့မရလို့
အင်တာနက်ပေါ်ကဆိုရင်ဒုတိယပိုင်းဘဲနားထောင်လို့ရမယ်။
ဂျပန်သီချင်းကဏ္ဍမှာ၊ဂျပန်သီချင်းထဲကစာသားလေးတွေကိုကောက်နှုတ်ပြီး၊အဓိပါယ်ကိုရှင်းပြတယ်။ပြီးတော့အဲဒိသီချင်းအပိုဒ်လေးကိုဆိုပြတယ်။
လတစ်လရဲ.တတိယအပါတ်မှာစာမေးပွဲလေးလုပ်တယ်။ နောက်နှစ်လအကြာမှာအဖြေမှန်ကိုကြေငြာပေးပြီးအဖြေမှန်တဲ့သူတွေထဲကကံထူးရှင်တွေကိုရွေးပြီးလက်ဆောင်လေးတွေပို့ပေးတယ်။
နောက်ပြီး၊သီချင်းစာသားလေးတွေကို ဂျပန်စာခန်းဂျီး၊ Hiragana , Romaji ၊ မြန်မာလိုအသံထွက်၊မြန်မာလိုအဓိပါယ်တွေပါတဲ့စာစောင်လေးတွေလုပ်ပြီးလတိုင်း
လတိုင်းပို့ပေးနေတယ်။ တေးဂီတအစီအစဉ်ကိုနားထောင်ပြီးစာရေးလာတဲ့သောတရှင်မှန်သမျှကိုပို့ပေးတယ်။
ဒုတိယပိုင်းမှာတော့၊လာမယ့်စနေကနေစပြီးမြန်မာသီချင်းလေးတွေနဲ့သောတရှင်တွေ
ဆီကပေးစာတွေကိုပြန်ကြားတဲ့ကဏ္ဍလေးရှိတယ်။
ပေါထားတာလေးတွေကြုံရင်နားထောင်ကြည့်ပါဦး။ နားထောင်ပြီးရင်အကြံလေးတွေလည်းပေး၊ ပေါနည်းလေးတွေလည်းသင်ပေးပေါ့။ (^_^)
ဂျပန်သီချင်းလေးတွေကိုတော့ YouTube ကနေနားထောင်လို့ရအောင် link တင်ထားမယ်လို့စဉ်းစားထားတယ်။ဘာသာပြန်ထားတဲ့စာသားတွေလည်းအချိန်ရတိုင်းတင်သွားမယ်။ခုမှဘလော့ဂ်စရေးခါစ ဆိုတော့ဘာမှကိုမတင်ရသေးဘူး။ Knowledge ကလည်းမပြည့်စုံတော့လုပ်ချင်တိုင်းလုပ်လို့မရဘူးဖြစ်နေတယ်။ကြိုးစားသွားပါ့မယ်။ သံစဉ့်ဘလော့ဂ်ကိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကြုံရင် comment လေးတွေလည်း cbox မှာချန်သွားနော်။ လာလည်မယ်လေ။
===========================

အစီအစဉ်တွေကဘာတွေလဲဆိုတော့ - - -

တနင်္လာနေ့မှာဆိုရင်
နည်းပညာအစီအစဉ်နဲ့ဂျပန်စကားပြောအစီအစဉ်

အင်္ဂါနေ့ကတော့
သတင်းဆောင်းပါးနဲ့မျက်မှောက်ရေးရာအစီအစဉ်

ဗုဒ္ဓဟူးနေ့ကတော့
သံစုံညီမိုးကုတ်စက်ဝိုင်း၊ ပုံပြင်အစီအစဉ်နဲ့ဂျပန်စကားပြောအစီအစဉ်

ကြာသပတေးနေ့ကျတော့
သတင်းဆောင်းပါးနဲ့ တံတိုင်းမခြားတဲ့ကမ္ဘာမြေ

သောကြာနေ့ဆိုရင်
မျက်မှောက်ရေးရာ နဲ့ ဂျပန်စကားပြောအစီအစဉ်

စနေနေ့မှာတော့
တေးဂီတအစီအစဉ်

တနင်္ဂနွေနေ့ကတော့
သိကောင်းစုံလင်ပြုံးပျော်ရွှင်အစီအစဉ်

http://www.nhk.or.jp/nhkworld/burmese/top/index.html

===========================

No comments: