Monday, March 31, 2008

စားပါဦး

မားမားလက်ရာ ခရမ်းချဉ်သီး၊ နံနံပင် နဲ့ ပုဇွန်ဆီပြန်ဟင်း
ကောင်းမှကောင်း (^o^)

Friday, March 28, 2008

မွေးနေ့

ဘာလိုလိုနဲ့အသက်တစ်နှစ်ကြီးသွားပြန်ပြီ။ လွန်ခဲ့တဲ့ နှစ်ဆယ့်( )နှစ်က ဒီနေ့မှာ မာမားက ဆေးရုံမှာအသက်နဲ့ရင်းပြီး သံစဉ့်ကိုမွေးဖွားပေးခဲ့တယ်လို့တွေးမိတော့ သြော်-မိခင်ရဲ. ကျေးဇူးကြီးမားလှပါပေတယ် လို့ ခံစားမိတယ်။ သာမန်အချိန်တွေမှာလည်း မိဘကျေးဇူးကိုအောင့်မေ့မိပေမယ့် မွေးနေ့ ဆိုတော့ ပိုပြီး ထူးထူးခြားခြားခံစားမိတယ်။ ဒီနှစ်လည်း ၁၂နာရီကျော်တော့ မိသားစုလေးယောက်အတူတူ ကိတ်မုန့်တွေစားတယ်။ ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ပါပါးနဲ့မာမားကို ကန်တော့တယ်။ နောင်နှစ်တွေလည်း ဒီလိုပဲ မိသားစုစုံစုံလင်လင်နဲ့ပျော်ပျော်ရွှင်ရွှင်မွေးနေ့ပွဲလေးတွေလုပ်နိုင်ပါစေလို့ ဆုတောင်းမိတယ်။

Thursday, March 27, 2008

ဆံပင်ညှပ်ပစ်လိုက်ပြီ . . .

၁နှစ်ကျော်လောက် ရှေ.ဆံပင်အရှည်ကြီးထားခဲ့တော့ လူကြီးဆန်နေတာ ခုတော့ပြန်ငယ်သွားသလိုပဲ။ ဟိဟိ ။












What is this feeling?

ရင်ထဲမှာဟာတာတာကြီး . . .

ငိုချင်တယ် . . .

ခွင့်မလွှတ်နိုင်ဘူး . . .

မမေ့လိုက်နိုင်ဘူး . . .

Wednesday, March 26, 2008

နွေဦးရောက်ပြီ...

နွေဦးရောက်လို့ တိုကျိုမှာတော့
ချယ်ရီတွေတောင်ပွင့်နေပြီ
မြန်ပြည်မှာတော့ နောက်တစ်လဆို
ပိတောက်ပွင့်တဲ့တန်ခူးရာသီ
ချယ်ရီလေးတွေ ဘယ်လောက်လှလှ
ပိတောက်ပန်းလေးကိုလွမ်းမိသည်။
ဒီတစ်နှစ်တော့ မြန်မာပြည်ကို
ကြိုးစားပြီးတော့ ပြန်ချင်သည်။
ပြင်းပြလွန်းတဲ့ ဒီဆန္ဒလေး
၂၀၀၈ မှာတော့ပြည့်ချင်ပြီ။

Monday, March 24, 2008

အချစ်ဇာတ်လမ်းလေးတစ်ပုဒ်

နင်ငါ့ကိုချစ်တုန်းက
ငါနင့်ကိုသိပ်ကြောက်လို့
ရင်နင့်အောင်ချစ်ရက်နဲ့
မချစ်ဘူး လို့ ငြင်းခဲ့တယ်။

နင်ငါ့ကိုဆက်မလိုက်တော့
ငါ့အသည်းတွေကွဲကြေမွလို့
ကာရံမဲ့သော နေ့ရက်များထဲ
မျက်ရည်များနဲ့ တိုက်ပွဲဝင်ခဲ့

နင်ငါ့ကို ထားရစ်ခဲ့တာ
ဟန်ဆောင်နေတာ မသိခဲ့လို့လား
ဟန်ဆောင်ပြီးတော့ ချစ်ခဲ့လို့လား

မာနတွေကို ခ၀ါချလို့
နင့်ကိုငါ သိပ်ချစ်တာတွေ
နင်သိအောင်ကြိုးစားခဲ့လည်း
ငါ့အတွက် ရလဒ်ကတော့
အေးစပ်တဲ့ တုန့်ပြန်မှုပေါ့ . . .

ခါးသီးမှုတွေ အားတင်းခံရင်း
နင့်အချစ်ကို မျှော်လင့်ရင်းနဲ့
အရာရာကို ပေးဆပ်လို့
ငါနင့်ကို ချစ်ခဲ့တယ်။

ဘယ်လောက်ပဲ ငါချစ်ခဲ့လည်း
နင့်အတွက်တော့ ငါ့အချစ်တွေဟ
အနှောက်အယှက်တွေသာ ဖြစ်တယ်ဆိုတာ
သိလိုက်ရတော့ နောက်ဆုတ်ခဲ့တယ်။

နင့်အကြောင်းရေးခဲ့တဲ့ ဒိုင်ယာရီတွေ
နင့်ကြောင့်စပ်ဖြစ်ခဲ့တဲ့ ငါ့ကဗျာတွေ
နင်နဲ့ပါတ်သက်တဲ့ အမှတ်တရတွေ
အားလုံးအားလုံး လွှင့်ပစ်ခဲ့တယ်။

ဒါပေမယ့်လည်း ရေစက်ကြောင့်လား
ကံတရားရဲ. လှည့်စားမှုလား
(၈နှစ်နီးပါးကြာပြီးကာမှ)
ငါ့ဒဏ်ရာတွေ အနည်ထိုင်ကာမှ
နင်နဲ့ငါ . . . ပြန်ဆုံခဲ့တယ်။

မထင်မှတ်ဘဲ နင်ပြောလာတယ်။
. . . ကို ကလေး ကို အရမ်းချစ်တယ်။
. . . အမှားတွေကိုလည်းနောင်တရတယ်။
. . . အပြစ်တွေအတွက် ပေးဆပ်ချင်တယ်။
. . . ပြန်ချစ်ခွင့်လေး ကိုရချင်တယ်။

တချိန်က ကြားချင်ခဲ့တဲ့
နင့်နှုတ်ဖျားက ချစ်စကားတွေ
ရူးလောက်အောင် လိုချင်ခဲ့တဲ့
နင့်ဆီက အကြင်နာတွေ
မှေးစက်နားခိုချင်ခဲ့တဲ့
နွေးထွေးတဲ့ နင့်ရင်ခွင်ဟာ
အခုချိန်မှာ ငါ့အတွက်ပါလို့
ကျိန်ဆိုကာ နင်ပြောလာလည်း
ငါယုံကြည်ဖို့သိပ်ခက်သွားပြီ

ဒါပေမယ့်ငါမမုန်းပါဘူး။
အငြိုးတွေလည်း မထားပါဘူး။
နင်ငိုအောင်လည်း မလုပ်ရက်ဘူး။
နင်ဝမ်းနည်းမှာ ငါမမြင်ချင်ဘူး။

ဒါပေမယ့် . . .
ငါနင့်ကိုမချစ်ရဲလို့
ရှောင်ပြေးကာနေခဲ့တုန်းက
စွဲအားပြင်းတဲ့ ညှို့ဓါတ်တွေနဲ့
ငါ့အသည်းလေးအရည်ပျော်အောင်
နင်ငါ့ကို ဖမ်းစားခဲ့တယ်။

ငါနင့်ကိုသိပ်ချစ်သွားတော့
အေးစက်တဲ့ တုန့်ပြန်မှုနဲ့
ငါ့ရင်ကိုနင်လေခွဲလို့ . . .
ရက်စက်စွာ ထားရစ်ခဲ့တယ်။

ခုချိန်မှာ နင်ပြောလာတဲ့
ချစ်တယ် ဆိုတဲ့စကားလေးကို
ငါယုံကြည်ချင်ပေမယ့်လည်း
အရင်ကလိုပြန်ချစ်နိုင်ဖို့
သတ္တိတွေ ငါ့မှာမရှိဘူး။
ရက်စက်မှုတွေကို အားတင်းခံဖို့
ခွန်အားတွေ ငါ့မှာမရှိဘူး။
မျက်စိစုံမှိတ် ယုံကြည်လိုက်ဖို့
ရူးသွပ်စွာ ငါမမိုက်ရဲဘူး။

ဒါပေမယ့် ၀န်ခံပါတယ်။
ငါနင့်ကို မမေ့နိုင်ခဲ့ဘူး။
အခုထိလည်း မမေ့နိုင်သေးဘူး။
နောင်များလည်း မေ့မှာမဟုတ်ဘူး။

ဒါတွေဟာ အချစ်ကြောင့်လား။
ရှေးဘ၀က ရေစက်ကြောင့်လား။
ငါနင့်ကို ပြန်ချစ်သင့်လား။
နင်ငါ့ကို တကယ်ချစ်ရဲ.လား။
ငါ့အသည်းတွေ ကွဲဦးမှာလား။
ဆုံဆည်းခွင့်လေး ရှိနေလို့လား။

လားပေါင်းများစွာကြောင့်
အိပ်မရတဲ့ ညတွေထဲ
အတွေးတွေနဲ့ ချာလည်လိုက်ရင်း
ဒီတစ်ညလည်း နင့်အကြောင်းတွေးလို့
အိပ်စက်ဖို့ ကြိုးစားဦးမယ်။
အိပ်မက်လေးထဲတွေ့ခွင့်ရရင်
ချစ်သူရေ - ကြားစေချင်တယ်။
တိုးတိုးလေး ပြောနေမိတဲ့
ငါ့ရင်ထဲက - - -
(------------)

Sunday, March 23, 2008

မင်း . . . အတွက်

လှည့်စားခြင်း - - - ဆိုတဲ့ အရသာကို
ကျေနပ်စွာခံစားနေရင်
လှည့်စားခံရခြင်း - - - ဆိုတဲ့ အရသာကိုလည်း
ကျေနပ်စွာ ခံစားနိုင်အောင်
ကြိုတင်ပြင်ဆင်ထားဖို့တော့လိုလိမ့်မယ် ... မင်း

Saturday, March 22, 2008

အမှတ်တရ...

ဒီနေ့ - မြန်မာလိုဘလော့ရေးလို့ရသွားပြီ။ ပျော်လို့မဆုံးပါဘူး။ ရေးချင်နေတာတော်တော့်ကိုကြာနေပြီ။ ဒါပေမယ့်ဘယ်လိုမှလုပ်လို့မရခဲ့ဘူး။ဒီနေ့တော့ ကိုညီလင်းဆက်၊ စေတန်ဂေါ့ နဲ့တခြားမြန်မာဘလော့ဂ်တွေကိုလိုက်ကြည့်ပြီးလျှောက်လုပ်ကြည့်တာ ကံကောင်းထောက်မစွာနဲ့ရသွားပြီ။ ဒါပေမယ့် တစ်ခုအဆင်မပြေတာက၊ အခု Web Text Editor v 1.5.4 နဲ့ ရိုက်နေရတယ်။ အဲဒိမှာရိုက်ပြီး ကော်ပီလုပ်ပြီး ကိုယ့်ဘလော့ဂ်မှာသွားပေ့စ်နေရတယ်။ ဒီပြဿနာလေးဖြေရှင်းလို့ရသွားရင်တော့ အားလုံးအဆင်ပြေသွားပြီပေါ့။ နောက်နေ့တွေကျမှထပ်ပြီးလျှောက်လုပ်ကြည့်ရမယ်။ဒီနေ့တော့ အိပ်တော့မယ်။ အခုလိုမြန်မာလိုရိုက်လို့ရတာနဲ့တင်ပျော်လှပြီ။ အားလုံးပဲ . . . အိပ်မက်လှလှလေးတွေမက်ပါစေနော်။

ရသွားပြီ။

ဟောတော့ ။ မြင်ရတယ်တော့ ။ ပျော်လိုက်တာ။ ဒါဆိုမြန်မာလိုရိုက်လို့ရပြီပေါ့နော်။

test

ဇော်ဂျီတင်လို့မရလို့ဒုက္ခရောက်နေပါတယ်။ကယ်တော်မူကြပါဦးရှင်။